Sunday, October 13, 2013

I'm still not over you.



မမြင်ချင်ယောင်ဆောင်ပြီး မခေါ်ချင်လည်း
မင်းအပြုံးတစ်ပွင့်တက်တက်လာရင်ကို  
How are youလို့ မေးမိလိုက်တာကိုက
အကျင့်တစ်ခုလိုဖြစ်နေပြီ။
ဘယ်လောက်ပဲ ငါ့စိတ်တွေ တင်းထားတင်းထား
မင်းရယ်သံလေးကြားလိုက်ရင်
ငါ့မျက်နှာပေါ်မှာ အပြုံးပွင့်တွေ ဝေဝေသွားတတ်တာက
ရောဂါတစ်ခုလိုဖြစ်နေပြီ။
မင်းသတင်းတွေ မကြားချင်လို့
မင်းအကြောင်းတွေ မသိချင်တော့လို့
ငါ့မျက်စိတွေနားတွေပိတ်ထားလည်း
လေအသင့်မှာ လွင့်ခတ်လာတဲ့
ခပ်ပါးပါးလှိုင်းသံတွေတော့ လက်ခံမိရက်သားဖြစ်လို့်။
အချစ်လို့ မသမုတ်ချင်ပေမယ့် သံယောဇဉ်လက်ကျန်တွေကတော့
ဒီနေ့အထိ ငါ့ကို ခနိုးခနဲ့ လုပ်နေကြတုန်းရယ်………..သြော်ကွယ်
“I am still not over you”

Nicole Cage(05/August)          

No comments:

Post a Comment