တိတ်တိတ်လေးမှ တကယ့်ကိုတိတ်တိတ်လေး
မွေးနေ့ရှင်မပါတဲ့ မွေးနေ့ပွဲလေးတစ်ခုကို
သူမ ဘာသာ သူမဆင်နွှဲနေခဲ့တယ်
၃၇တိုင်သော ဖယောင်းတိုင်တို့ထွန်းထားတဲ့
ချောကလက်ကိတ်လေးကလည်း
ငြိမ်ငြိမ်သက်သက်လေး(အခွဲခံဖို့)
သူမကိုစောင့်နေလေရဲ့.......
သူမ ဖွင့်ထားတဲ့ နောက်ခံmusicက
beyonceရဲ့ Irreplaceableဆိုတဲ့ တေးသွားတစ်ပုဒ်ဖြစ်ပေမယ့်
သူမကတော့ ဆန့်ကျင်စွာပဲ
တစုံတရာကို ခါးသီးစွာလွမ်းဆွတ်နေခဲ့တယ်။
သူမ ကွန်ပျူတာscreenပေါ်မှာတော့
သူမကို အမြဲချုပ်ကိုင်ထားနိုင်တဲ့တစ်စုံတစ်ယောက်ရဲ့
ပုံရိပ်တွေက ဖြတ်ဖြတ်ပြေးလို့ပေါ့
ချွန်မြတဲ့ ဓါးဦးပါးပါးက ကိတ်မုန့်လေးပေါ်ထိုးခွဲလိုက်တယ်
ပြီးတော့ သူမ....တိုးတိုးလေးဆုတောင်းလိုက်တယ်
"ကို"ရေ.....Happy Birthday...........လို့......။ ။
(ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ မွေးနေ့ရှင်လေးရေ)
byအိရွှေရည်oင်း
August 5, 2011 at 11:35am
No comments:
Post a Comment