Saturday, September 28, 2013

ဘဝမှာ အများကြီး မမှားချင်ပေမယ့်
အမှားကြီးတွေ များခဲ့တယ်
စိတ်ကူးနဲ့ အိပ်မက်တွေကို
ဘောင်ခတ်အကျဉ်းမချချင်ပေမယ့်
ဇာတ်ဆရာအလိုကျ
ချမိတဲ့ ဘောင်က ကျဉ်းပေးခဲ့ရတယ်
အတိတ်ဆိုတာ တိတ်ဆိတ်နေလိုက်ခြင်းသာ
တန်ဖိုးရှိရာရောက်မယ်ဆို
ငါ.....ဟောဒီပါးစပ်ပေါက်ကြီး
ကော်အပြည့်ကပ်ပစ်လိုက်တယ်
အပြစ်တင်မစောပါနဲ့
တကယ်တော့ ငါက
မင်းစိတ်နဲ့ ငါ့ကိုယ် အသက်ရှင်နေမိသူမို့
ချစ်သူရေ.........
ခပ်ဝေးဝေးကပဲ လွမ်းနေတော့မယ်ကွယ်။        ။

by အိရွှေရည်ဝင်း
 February 12, 2012 at 9:28pm

No comments:

Post a Comment