Friday, September 27, 2013

သို့....ချစ်သူ (၁)

မိုင်ထောင်ချီဝေးနေကြတဲ့ငါတို့ရဲ့အနမ်းတွေအတွက်……..
ချစ်သူရေ….နင်တောင့်ခံနိုင်မယ်မှလားဟင်!
နေ့တဒူဝ….လေထဲပျံလာတဲ့နင့်မြတ်နိုးမူတွေ………..
ငါတန်ဖိုးထားသိမ်းထားပေးတယ်…………
အဲဒီ စနေမှာ………………….
နင်နဲ့ငါရဲ့တန်ဖိုးရှိတဲ့ ပျော်ရွှင်မူလေးတွေ…………….
ငါ့ ပါးပြင်ထက် နင်ချွေခဲ့တဲ့အနမ်းပါးလေးတွေ………………
တင်းတင်းပွေ့ ဖက်ထားကြတဲ့ ငါတို့ရဲ့ ကြင်နာမူတွေ............
မခွဲနိုင်မခွါရက်ဖြစ်ခဲ့ကြတာ……..(ဘယ်မေ့မှာလဲကွယ်)
(နင်လွမ်းရင်ထုတ်ပြဖို့)ငါ ပန်းချီကားတစ်ချပ်ဆွဲဖြစ်တယ်……
ဟောဒီရင်ဘတ်ကြီးထဲမှာ လုံခြုံစွာထုတ်ပိုးထားတယ်ချစ်သူ
ခဏလေးပါပဲ……ကျေးဇူးပြုပြီးခဏလေးပဲ ငါ့ကိုစောင့်ပေးပါ
ငါ့ရင်ခွင်ထဲမှာ နင့်ကိုထာဝရထွေးပွေ့ ထားပါ့မယ်
တကယ်ကလေ………….
နင်ဆိုတဲ့ ခံစားမူသက်သက်နဲ့ကိုအသက်ရှင်ချင်နေတဲ့ အဲဒီကောင်မလေး……(ငါ)
မရိုးနိုင်တဲ့ စကားရိုးရိုးလေးတွေနဲ့ပဲနင့်ကို လွမ်းနေတယ်။                 ။


By အိရွှေရည်ဝင်း
July 13, 2013 at 4:52am

No comments:

Post a Comment