Saturday, September 28, 2013

ရဲဝံ့ခြင်း

မချစ်ရဲခဲ့ပါဘူး
ကျိုးပေါက်လွယ်တတ်တဲ့
ကျွန်မ မျက်ရည်ကန်ကို သနားလို့......

မချစ်ရဲခဲ့ပါဘူး
မျိုသိပ်လွန်းတတ်တဲ့
ကျွန်မ နှူတ်ခမ်းပါးလေးကို သနားလို....

မချစ်ရဲခဲ့ပါဘူး
ကွဲရှလွယ်တတ်တဲ့
ကျွန်မ နှလုံးသားလေးကို သနားလို့...

မချစ်ရဲခဲ့ပါဘူး
နာကြင်ခံစားတတ်တဲ့
ကျွန်မ ကိုယ်ကျွန်မ ပြန်သနားလို့.....

သြော်...ဒီလိုနဲ့ပဲ
ဘုရားပေးတဲ့ လက်ဆောင်တစ်ခု
ကျွန်မဆီရောက်လာခဲ့ပြန်တော့
ချစ်သူရေ....
ကျွန်မလေ...ဖြစ်လိုရာသာဖြစ်ပါစေတော့
ချစ်နေရင်းနဲ့ပဲ
ရှင့်ခြေရင်း ဝပ်ဆင်းပစ်လိုက်တော့မယ်ကွယ်။      ။

အိရွှေရည်ဝင်း
March 20, 2011 at 12:18pm

2 comments: