Saturday, September 28, 2013

အဲဒီနေ့က......

  • အဲဒီနေ့က ကျွန်မ
မြတ်နိုးဖွယ်ရာ ချစ်ခြင်းတစ်စုံနဲ့
ကောင်းကင်ငွေ့ လှုံခဲ့တယ်
သံလွင်ခက်ချီထားတဲ့
အဖြူရောင်ချိုးငှက်လေးက
ကျွန်မ ပခုံးထက်မှာ နားလို့ပေါ့
ဖျော်,ဖျော်သောက်ခဲ့ဖူးတဲ့
အိပ်မက်တွေက
ပုံရိပ်စစ်ဖြစ်တဲ့ ညလို့သာဆိုချင်ရဲ့
သြော်......မစိမ်းလန်းတဲ့ ကမ္ဘာကြီးတောင်
သူ့ အရိပ်အာဝါသနဲ့ ပျိုပျစ်လို့ပေါ့
(ဒီလိုနဲ့)
  • အဲဒီနေ့က ကျွန်မ
နွေခေါင်ခေါင်ကြီးမှာကို
လတွေ သာ, သာနေခဲ့တယ်
  • အဲဒီနေ့က ကျွန်မ
ဧဒင်ဥယျာဉ်ကြီးထဲမှာ(ပျော်ပျော်ကြီးကို)
ပန်းသီးအဆိပ်တက်နေခဲ့တယ်
  • အဲဒီနေ့က ကျွန်မ
သူဆိုတဲ့ မိုးကောင်းကင်ကြီးအောက်မှာ
တကယ်ပါကွယ်........
ကြည်ကြည်နူးနူးကြီးကို ခိုလှုံပစ်ခဲ့တယ်လေ.......။        ။


(၁၀ရက် ဧပြီလ ၂၀၁၁က ရေးခဲ့တဲ့ကဗျာလေးကို အခုမှဖုန်းထဲကမွှေရင်းပြန်ရှာတွေ့ လို့ တင်လိုက်တာပါ)

အိရွှေရည်ဝင်း
 May 26, 2012 at 5:15pm

No comments:

Post a Comment