Friday, September 27, 2013

သို့ ချစ်သူ (၂)

ရန်ကုန်က မိုးသည်းတဲ့ည.......နင်နဲ့ငါ နှစ်ယောက်ထဲ တိုးသက်စွာကခုန်ခဲ့ကြချိန်...
အဲဒီ ငါတို့ရဲ့ ရင်ခုန်သံတွေ အသက်ဝင်လို့တဲ့၊
နင့်ရင်ဘတ်ထဲက နှလုံးသားတစ်ခုရယ်.....ငါ့ရင်ဘတ်ထဲက နှလုံးသားတစ်ခုရယ်ကို နတ်ဖုရားမ ဗီးနပ်က လက်ဆက်ပေးခဲ့တယ်။

စနေရောက်ပြန်ပြီချစ်သူ။
ရိုးစင်းတဲ့ အနမ်းတစ်ပွင့်တောင် ကောင်းကောင်းမကျွမ်းကျင်တဲ့ ငါ......နင့်ကို ရင်တွေ ပေါက်ထွက်မတက်လွမ်းနေခဲ့တယ်..............
နွေးထွေးတဲ့ နင့်ကိုယ်ငွေ့ လေးကို ခိုလှုံခွင့်ရအောင် ဘယ်လောက်တောင်စောင့်ရဦးမလဲ?
..................................................

ကျေးဇူးပြုပြီး နင့်အိပ်မက်တွေထဲကို လာလည်ပါရစေ.........
(ကဗျာမဆန်တဲ့ ကောင်မလေး ငါ....နင့်အနမ်းတွေကို တောင့်တနေမိပြီကွယ်)


အိရွှေရည်ဝင်း
 July 19, 2013 at 11:15pm

No comments:

Post a Comment