သေလို့ရတယ်
နင့်ရဲ့ အစွယ်ဖွက်ထားတဲ့ အပြုံးတွေကြားမှာ...သေလို့ရတယ်
နင့်ရဲ့ မာယာပြွန်းထားတဲ့ စကားလုံးတွေကြားမှာ...
သေလို့ရတယ်
နင့်ရဲ့ ရမ္မက်ရောင်တောက်တဲ့ မျက်ဝန်းတွေအောက်မှာ...
သေလို့ရတယ်
နင့်ရဲ့ အာဏာစက်ပြင်းတဲ့ အမိန့်တွေအောက်မှာ....
သေလို့ရတယ်
နင့်ရဲ့ မစာနာတတ်တဲ့ သံယောဇဉ်တွေထဲမှာ....
သေလို့ရတယ်
နင့်ရဲ့ မခန့်မှန်းနိုင်တဲ့ ရာသီဥတုတွေထဲမှာ....
ဒီလိုပဲလေ......
ကြွေကျသွားတဲ့ နတ်သမီးလေးတွေများခဲ့ပေါ့
ကောင်းကင်ကြီးထဲက ကြယ်တွေတဖြုတ်ဖြုတ်ကြွေသလို
နတ်သက်ကြွေနေကြတာလေ....
လင်းကြပါစေလားကွယ်....
ကြယ်လေးတွေမရှိရင် ကောင်းကင်ကြီး
အမှောင်ကျသွားမှာစိုးလို့ပါ
နင့်ကမ္ဘာတစ်ခုထဲလင်းစေရုံသက်သက်နဲ့တော့
ကြယ်လေးတွေကို အပိုင်မစီးချင်ပါနဲ့
သဘာဝရဲ့ အလှတရားကြီးကို
နင့်ရဲ့ ကိုယ်ပိုင် အတ္တတွေနဲ့ မဖျက်ဆီးချင်ပါနဲ့
အချိန်မတိုင်ခင် နတ်သက်ကြွေသွားမယ့်
နောက်ထပ် နတ်သမီးလေးတွေမပေါ်ပေါက်ပါစေနဲ့တော့ကွယ်။ ။
အိရွှေရည်ဝင်း
June 30, 2011 at 11:03am
No comments:
Post a Comment