Saturday, September 28, 2013

နတ္တိ တန်ဖိုး

သူငယ်ချင်းရေ...........
မင်းတို့ပြောပြောနေတဲ့
ကြွယ်ဝမူဆိုတာ.......
ရွှေမြို့တော်ကြီးမှာ
အိမ်တွေ ဘယ်နှလုံးပိုင်ပြီး
ကားတွေဘယ်နှစီးပိုင်တာဆိုရင်...
ဆောရီးပဲကွာ.....
ငါ မချမ်းသာပါဘူး
မင်းတို့ မသုံးပဲ စွန့်ပစ်ထားတဲ့
စာနာမူတရားလေးတစ်ခုပဲ ငါပိုင်ဆိုင်ပါတယ်
သူငယ်ချင်းရေ......
မင်းတို့သတ်မှတ်ထားတဲ့
ပညာအရည်အချင်းဆိုတာ
ယူကေ ယူအက်စ်က ဘွဲ့ တွေကိုဆိုလိုတာဆိုရင်
ဆောရီးပဲကွာ....
ငါ ပညာမတတ်ပါဘူး
အမိနိုင်ငံတော်က ချောက်တီးချောက်ချက်
လက်မှတ်စာရွက်လေးတစ်ချို့ပဲ ငါပိုင်ဆိုင်ပါတယ်
သူငယ်ချင်းရေ......
မင်းတို့အားကျတဲ့ ဂုဏ်ဒြပ်ဆိုတာ
ငါ့အဖေ ဗိုလ်ချုပ်လား? ဝန်ကြီးဖြစ်မှတဲ့လား?
ဆောရီးပဲကွာ......
မင်းတို့အားကျလောက်တဲ့ ဂုဏ်တွေမရှိပေမယ့်
မြက်ပေါက်သွားတဲ့လျှာနဲ့
လမ်းဖြောင့်ပေးခဲ့တဲ့
ငါ့အဖေအတွက် ငါ့တို့ဂုဏ်ယူတယ်
သူငယ်ချင်းရေ.........
မင်းတို့ ငေးကြည့်နေရတဲ့
မင်းသမီးချောချောလှလှတွေလို
ငါ့မှာ ကြွားပြစရာ ဘာဆိုဘာမှမရှိပါဘူး
ဈေးဝယ်ရင် စီးဖို့ ဘာကား.....
ညနေခင်းစီးဖို့ ဘာကား.....ဆိုတာမျိုးတွေနဲ့လည်း
ငါ ကြွားလုံးမထုတ်နိုင်ဘူး
လျှော့ပင်းတခါထွက် ဒေါ်လာသောင်းချီလည်း မသုံးနိုင်ပါဘူး
ဆောရီးပဲကွာ.......
ပျိုမျစ်မူကို ရောင်းစားပြီး
လှေကားထစ်တွေကို ခင်းဖို့သတ္တိတွေမရှိခဲ့တဲ့အတွက်လည်း
ငါ နောင်တ မရမိဘူး
င့ါဝန်ငါထမ်း ငါ့လမ်းငါဖေါက်လျှောက်ခဲ့ရတာ
ငါ ကျေနပ်တယ် သူငယ်ချင်း။
သမိုင်းတွေကို ပြန်လှည့်ကြည့်ပြီး
ကိုယ့်လိပ်ပြာကိုယ်လုံနေခဲ့တာ တစ်ခုနဲ့တင်
နတ္တိတစ်ကောင် ငါ
လူဖြစ်ခွင့်ကို အပြည့်အဝကျေးဇူးတင်တယ်။

by အိရွှေရည်ဝင်း
 June 8, 2012 at 12:20pm

No comments:

Post a Comment