သူဘာတွေလုပ်နေမလဲ!
ဘယ်သူတွေနဲ့ရှိနေမလဲ!
ဘယ်ကောင်မလေးတွေနဲ့များ စကားပြောနေမလဲ!
စသည့် လဲပေါင်းများစွာနှင့် အချိန်ကုန်နေဖို့ အချိန်မရှိရလောက်အောင်ကို ကျွန်မရင်ထဲက သူ့ အပေါ် ထားရှိသည့် အချစ်တွေပြည့်လျှံနေသည်မှာ သူ့အတွက် အလွန်ကံကောင်းလွန်းလှသည်။
တကယ်တော့ ကျွန်မကိုယ်တိုင်ကလည်း အချိန်ပြည့်သဝန်တိုနေတတ်သော ခပ်ညံ့ညံ့မိန်းမစာရင်း မဝင်ချင်ပါ။
ကျွန်မ ချစ်သည့်ယောကျာ်းတစ်ယောက်ကို လိုအပ်တာထက်ပိုသော နေရာကျယ်ကျယ်တစ်ခုပေးထားခြင်းဖြင့် သူ့အပေါ်တန်ဖိုးထားမူကို ရိုးရိုးလေး သက်သေပြတတ်သည်။
နာကြည်းမူတစ်ခုကြောင့်ပဲဆိုဆို....ခဲမှန်ဖူးသည့်စာသူငယ်ဟုပြောပြော ဒီဘဝတစ်ခုမှာတော့ မည်သည့်ယောကျာ်းကိုမှ ကျွန်မ မယုံပါ။ ထို့နည်းတူ ကျွန်မ ချစ်သူကိုလည်း ကျွန်မ မယုံပါ။
သို့သော်.......သူ့ အပေါ်တန်ဖိုးထားသည့် ကျွန်မ၏ မြတ်နိုးမူအတွက်တော့ တူညီသော သက်ရောက်မူတစ်ခုရရှိလိမ့်မည်ဆိုတာ ကျွန်မ လက်ခံထားသည်။
သူသည် ကျွန်မ ကမ္ဘာဖြစ်သည်။
သူသည် ကျွန်မ အသက်ရှူရာ လေထုတစ်ခုဖြစ်သည်။
သူသည် ကျွန်မဘဝ၏ အနှိုင်းမဲ့ စိန်တစ်ပွင့်ဖြစ်သည်။
သူသည် ကျွန်မ အလွန်အင်မတန် မြတ်နိုးရသည့် ရွှေရုပ်လေးတစ်ခုဖြစ်သည်။
သူသည် ကျွန်မ တန်ဖိုးထားသော အရာအားလုံးထက် တန်ဖိုးထားရသည့် ယောကျာ်းတစ်ယောက်ဖြစ်လေသည်။
အိရွှေရည်ဝင်း
July 27, 2013 at 12:23am

No comments:
Post a Comment