ငါတို့ ဖြတ်သန်းဖူးကြမယ်
အဲ့ဒီ နားလည်ရခက်တဲ့ ရိုးသားမူတွေကို...
အိပ်မက် မက်ချင်စရာကောင်းတဲ့
လမင်းကြီးမရှိတဲ့....အဲဒီညမှာ
နင်နဲ့ငါ အမှားအယွင်းမရှိ သံစဉ်ဖျော်သောက်ခဲ့ကြတယ်ဆို
ဘယ်သူယုံမလဲ...ချစ်သူ
တောင်းဆိုမူလား.....ဝန်ခံမူလား?
လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ
နင့်အပေါ်သူဘယ်လောက်လိုအပ်တယ်ဆိုတဲ့
"Need"ဝေါဟာရလေးတစ်ခုပါရင်ကို ပြည့်စုံနေပြီကောကွယ်၊
ဘာပဲဖြစ်ဖြစ်...ငါကျေနပ်တယ် ချစ်သူ။
ခဏလေးဆိုရင်တောင်
ငါတို့ရဲ့ညတွေက နင်နဲ့ငါကြားမှာ တစ်ဘဝစာ သက်သက်ပါ။
နင့်ရင်ထဲက အဖြူရောင်တွေကို ငါမြင်သလို
ငါ့ရင်ထဲက လေပြည်တွေကို နင်ခံစားတတ်နေခဲ့တယ်လေ။
ငါတို့အနာဂါတ်တွေ ဘာအရောင်ရှိမယ်ဆိုတာထက်
နင်ပေးတဲ့ ယုံကြည်မူတွေ......
ငါပေးတဲ့ ယုံကြည်မူတွေ........
ကြည်လင်နေကြဖို့က ပိုအရေးကြီးပါတယ် ချစ်သူ။
ဒီလိုလေးပဲကွယ်.....
အဝါရောင် ကောလဟလတွေမပါပဲ
ငါတို့.................ကြင်နာကြရအောင်...........။ ။
by အိရွှေရည်ဝင်း
June 27, 2013 at 9:14pm
No comments:
Post a Comment