Friday, September 27, 2013
အဖြည့်ခံ
အိပ်မက်တိုင်းသာ
အစစ်တွေဖြစ်ခဲ့ရင်
ငါ့အနမ်းတွေခြေရာထင်တဲ့
မင်းပါးပြင်လေးကို သနားမိတယ်
ချစ်သူရယ်
မမှီတဲ့ပန်းကိုမှ
တုံးခုလှမ်းတယ်လို့
ခပ်ရိုးရိုးဆိုချင်ဆိုပါ.....
ငါက တံချုတောင်ပြင်ပြီးတာကြာပေါ့....
စိတ်ကူးယဉ်ပန်းကလေး.....
အနှိုင်းမဲ့ ငါ့ရဲ့ ပုစ္စာလေး......,
မင်းနဲ့နီးရဖို့ အတွက်
ပင်လယ်တွေလက်ပစ်ကူးစရာမလိုတာငါသိတာပေါ့...
ကွယ်....ကောင်မလေးရယ်
နင်လိုတာ ကောင်းကင်ကြီးတစ်စုံဖြစ်နေခဲ့တာကိုး
လာကြည့်စမ်း.....ဟောဒီမှာ
ငါ့ရင်ဘတ်ကြီး လွတ်လွတ်လပ်လပ်ဖွင့်ထားတယ်
ပစ်ပြီးသာ နားလိုက်ပါတော့ ချစ်သူရယ်..။       ။
by အိရွှေရည်ဝင်း
 August 28, 2011 at 11:27am
No comments:
Post a Comment