သိုးငယ်တစ်ကောင်လို ဒူးထောက်ကြစတမ်းဆို
ငါ ကျဆုံးခဲ့တာ ကြာခဲ့ပေါ့
အိပ်မက်တွေ မက်နေရင်းနဲ့ကို
ငါ ရုန်းကန်နေဆဲ…..
မိုးရွာခဲတဲ့ ငါ့ ရင်ဘတ်ထဲလည်း
မိုးတွေ သည်းနေဆဲပေါ့
တကယ်က
ရင်ဘတ်ကြီး ဖွင့်ဖွင့်ပြီး
လောကကြီးကို ရင်ဆိုင်တတ်တဲ့ ငါကိုက
တုံးလွန်းနေတာပါ
နားမဝင်ခဲ့ဘူးပဲဆိုဆို
ခေါင်းမာခဲ့တယ်ပဲပြောပြော
ရှေ့တိုးပြီး နောက်ပြန်မဆုတ်တတ်တဲ့
ငါ့ရဲ့ ဇွတ်တိုးမှူတွေအတွက်
ဘာကြောင့်များ
နောင်တတွေ ခြင်းထဲကောက်ထည့်တော့မလဲ
ရှိတာတွေလည်းရှိပါစေတော့
ဘဝဆိုတာ ခဲဖျက်ဆောင်တိုင်းကောင်းတဲ့အရာမှ မဟုတ်တာပဲကွယ်
သေရင်မြေကြီး ရှင်ရင်ရွှေထီးတဲ့
ငါ မင်းနဲ့ပက်သက်ရင်
ရွှေထီးလေးတော့ ဆောင်းခွင့်ရချင်တယ်
(မြေကြီးထဲ မဝင်သွားခင်တော့လေ….)
ခက်တာက
ဟန်ဆောင်ခြင်းကင်းတဲ့ ငါ့မျက်ဝန်းတွေကို
နင်မဖတ်တတ်တာ ပြသာနာပဲ
မမေးရက်ပါဘူး ချစ်သူရယ်
နင်ဘာကြောင့် မဖတ်တတ်တယ်ဆိုတာတော့
နင်ကိုယ်တိုင်ပဲ ပိုသိမှာပါ
ငါကတော့လေ……
အဲဒီလို ရင်ဘတ်ကြီးဖွင့်ဖွင့်ပြီး
ချစ်ပြလွန်းတတ်တဲ့
သောက်ကျင့်ကြီးတစ်ခုကို ပြင်ကိုပြင်ရတော့မယ်
မိုးနတ်မင်းကြီးရေ…..
ငါ့ရင်ထဲကို မာယာတစ်ပက်လောက် လောင်းထည့်ပေးပါကွယ်။ ။
အိရွှေရည်ဝင်း
April 26, 2011 at 12:26pm
ငါ ကျဆုံးခဲ့တာ ကြာခဲ့ပေါ့
အိပ်မက်တွေ မက်နေရင်းနဲ့ကို
ငါ ရုန်းကန်နေဆဲ…..
မိုးရွာခဲတဲ့ ငါ့ ရင်ဘတ်ထဲလည်း
မိုးတွေ သည်းနေဆဲပေါ့
တကယ်က
ရင်ဘတ်ကြီး ဖွင့်ဖွင့်ပြီး
လောကကြီးကို ရင်ဆိုင်တတ်တဲ့ ငါကိုက
တုံးလွန်းနေတာပါ
နားမဝင်ခဲ့ဘူးပဲဆိုဆို
ခေါင်းမာခဲ့တယ်ပဲပြောပြော
ရှေ့တိုးပြီး နောက်ပြန်မဆုတ်တတ်တဲ့
ငါ့ရဲ့ ဇွတ်တိုးမှူတွေအတွက်
ဘာကြောင့်များ
နောင်တတွေ ခြင်းထဲကောက်ထည့်တော့မလဲ
ရှိတာတွေလည်းရှိပါစေတော့
ဘဝဆိုတာ ခဲဖျက်ဆောင်တိုင်းကောင်းတဲ့အရာမှ မဟုတ်တာပဲကွယ်
သေရင်မြေကြီး ရှင်ရင်ရွှေထီးတဲ့
ငါ မင်းနဲ့ပက်သက်ရင်
ရွှေထီးလေးတော့ ဆောင်းခွင့်ရချင်တယ်
(မြေကြီးထဲ မဝင်သွားခင်တော့လေ….)
ခက်တာက
ဟန်ဆောင်ခြင်းကင်းတဲ့ ငါ့မျက်ဝန်းတွေကို
နင်မဖတ်တတ်တာ ပြသာနာပဲ
မမေးရက်ပါဘူး ချစ်သူရယ်
နင်ဘာကြောင့် မဖတ်တတ်တယ်ဆိုတာတော့
နင်ကိုယ်တိုင်ပဲ ပိုသိမှာပါ
ငါကတော့လေ……
အဲဒီလို ရင်ဘတ်ကြီးဖွင့်ဖွင့်ပြီး
ချစ်ပြလွန်းတတ်တဲ့
သောက်ကျင့်ကြီးတစ်ခုကို ပြင်ကိုပြင်ရတော့မယ်
မိုးနတ်မင်းကြီးရေ…..
ငါ့ရင်ထဲကို မာယာတစ်ပက်လောက် လောင်းထည့်ပေးပါကွယ်။ ။
အိရွှေရည်ဝင်း
April 26, 2011 at 12:26pm
No comments:
Post a Comment