နင့်ကို ငါ ဘာလို့ အဲလောက်ချစ်ခဲ့လဲ သိလား!
ငါတို့၂ယောက်ကြားမှာ ရှိနေတဲ့ တူညီမူတွေက သိပ်များနေလို့ပေါ့....
ကုန်ကုန်ပြောရရင် နင့်စိတ်ကို ဖတ်နေရတာ ငါ့စိတ်ကို ငါပြန်ဖတ်နေရသလိုပဲ ချစ်သူရယ်.............
နင် စကားတစ်ခွန်းဟလိုက်တာနဲ့ ဘာကိုဆိုလိုချင်တယ်ဆိုတာ ငါသိနေခဲ့တာ(ဒါပေမယ့် ငါသိနေတာကို နင့်ကို ထုတ်မပြောခဲ့ဖူးဘူးနော်)
နင် လေသံတစ်ချက်ပစ်လိုက်တာနဲ့ ဘယ်ခြေကိုလှမ်းတော့မယ်ဆိုတာ ငါတွေးမြင်တတ်ခဲ့တာ(ဒါပေမယ့် ငါမြင်နေတာကို နင့်ကို ဖွင့်မပြောခဲ့ဖူးဘူးနော်)
နင် မျက်နှာအရိပ်ကိုဖတ်လိုက်တာနဲ့ နင်ရင်ထဲမှာ ရှိနေတာတွေကို ငါမြင်တတ်ခဲ့တာ(ဒါပေမယ့် ငါဘယ်တုန်းကမှ သိနေကြောင်းမပြခဲ့ဖူးဘူး)
နင်က ငါ့ကို သိပ်မသိခဲ့ပေမယ့် ငါက နင့်ကို သိပ်သိခဲ့တာပေါ့ ချစ်သူရယ်..
တစ်ခုပဲ ငါ .....အတွက်မှားခဲ့တာက နင်ရဲ့ ချစ်တယ်ဆိုတဲ့စကားဟာ ကမ္ဘာတည်မယ် ထင်ခဲ့တာပဲ။ ဒါပေမယ့် အခုအချိန်မှာတော့ ငါနင့်ကို နားလည်သွားခဲ့ပြီ......ဘာကြောင့်လဲ သိလား! နင်ရောက်ခဲ့ဖူးတဲ့ situation တစ်ခုထဲမှာ အတိအကျကို ငါရောက်နေလို့ပဲ။
နင် သူမကို ပြောခဲ့ဖူးတဲ့ သကာမံထားတဲ့ စကားလုံးလှလှတွေ ငါ သူ့ ကို ပြောနေရပြီ
နင် သူမကို သိုဝှက်ခဲ့ဖူးတဲ့ ပုံပြင်တိုလေးတွေ ငါ သူ့ ကို သိုဝှက်နေရပြီ
နင် သူမအပေါ်မှာ ခံစားနေပြုမူနေတဲ့ ခံစားချက်တွေအတိုင်း ငါ သူ့ ကို ......!!!!!!
လောကကြီးက ဆုတောင်းမှားတတ်တယ် ချစ်သူ...
အဲဒီအမှားတွေကြားမှာ ငါတို့နှစ်ယောက်ဆုံခဲ့တဲ့ အချိန်က အကြီးကြီးကို မှားခဲ့တာပါ။
အချစ်ဆိုတာ တသက်မှာ တခါပဲ ရူးသွပ်စွာပေါ်ပေါက်ခဲ့မယ်ဆိုရင် အဲဒီရူးသွပ်မူကြီးကို နင့်အပေါ်ပုံချပစ်ခဲ့တဲ့ ကံတရားကို ငါမုန်းတယ်။
အချစ်ဆိုတာ ဘဝမှာ နောက်တစ်ခါထပ်ပြီး အိပ်မက်ခွင့်ရမယ်ဆိုရင် အဲဒီအိပ်မက်တွေကို သူ့ ဆီမပေးချင်တဲ့ ကံတရားကို ငါမုန်းတယ်။
အဆိုးဆုံးက..........ဒီနေ့ဒီအချိန်အထိ ငါဆိုတာ ကမ္ဘာကြီးထဲမှာ ရှိနေမှန်း မေ့ပျောက်သွားပြီဖြစ်တဲ့ နင့်ကို မဖျောက်ဖျက်နိုင်သေးတဲ့ ငါ့နှလုံးသားကို ငါ အရမ်းမုန်းမိနေတာပါပဲ ချစ်သူရေ..................
..........နင်ဟာ ငါ့နှလုံးသားမှာ သေရာပါပုံရိပ်ယောင်အဖြစ် တသက်လုံးငါ့ကို ခြောက်လှန့်နေတော့မှာပဲ။
(အို......sorry...တကယ်တော့ နင့်ကို ငါမလွမ်းပါဘူး....နင့်အကြောင်းတွေကို မတွေးပဲမနေနိုင်ရုံ...နင့်ကို တိုက်ဆိုင်မူရှိရှိမရှိရှိသတိရရုံ ....နင့်အကြောင်းကြားရတိုင်း နူတ်ဆွံ့ သွားခဲ့ရုံလေးပါ)
by (still i believe I'm the one you loved and when i wake up, it's just a dream)
May 11, 2012 at 12:08pm

No comments:
Post a Comment