ထွက်သွားချင်နေတဲ့လူကို အတင်းမဆွဲချင်ပါနဲ့
(လွတ်လပ်စွာ သွားခွင့်ပေးလိုက်ပါ)မချစ်တော့တဲ့လူကို မလိုချင်ပါနဲ့
(ရင်ဘတ်ဗလာကြီးကို ဘာလုပ်ဖို့လဲ)
မုန်းချင်တဲ့သူကို ခွင့်လွှတ်ပေးလိုက်ပါ
(အမုန်းတရားဆိုတာ ဘယ်သူ့ အတွက်ပဲဖြစ်ဖြစ်ပူလောင်စေတယ်လေ)
လွမ်းတတ်တယ်ဆိုရင်တောင် ဖွင့်မပြောပါနဲ့
(မာန်တက်အောင် လုပ်ချင်သေးတာလား)
ပုန်းနေတဲ့သူကို မရှာပါနဲ့
(မင်းအတွက် စောင့်မျှော်နေမယ့်သူကိုသာ ပြုံးပြလိုက်ပါ)
ဒါမှ မမေ့နိုင်သေးရင် မင်းပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ......မင်းအနားမှာ မင်းကိုချစ်တဲ့သူငယ်ချင်းတွေ မင်းမိသားစုတွေ မင်းကိုစိတ်ရင်းအမှန်နဲ့ တန်ဖိုးထားမယ့် တစ်စုံတစ်ယောက်ကတော့ သေချာပေါက်ရှိနေပါလိမ့်မယ်.....
မင်းဟာ အချစ်ရူးတစ်ယောက်ပါ လို့ ယူဆမယ့်သူထက် မင်းရဲ့ အချစ်ကို အရူးအမူးလိုချင်ပြီး တန်ဖိုးထားတတ်တဲ့သူကိုသာ မင်းရဲ့ အချစ်တွေကိုပုံပေးကြည့်လိုက်ပါ.
မင်းရဲ့ ဒဏ်ရာတွေကို သူက ဆေးကြောပေးလိမ့်မယ်
မင်းရဲ့ နာကျင်မူတွေကို သူက ဖြေသိမ့်ပေးလိမ့်မယ်
မင်းရဲ့ အလွမ်းတွေကို သူက သူ့ ရဲ့အချစ်တွေနဲ့ ဖြေဖျောက်ပေးလိမ့်မယ်
မင်းရဲ့ ပြိုလဲသွားတဲ့ နန်းတော်ကို သူရဲ့ ကြင်နာမူတွေနဲ့ အသစ်ပြန်လည်တည်ဆောက်ပေးပါလိမ့်မယ်။...............။
အိရွှေရည်oင်း
October 4, 2011 at 5:20pm
No comments:
Post a Comment