အခုတစ်လော
Face Bookပေါ်မှာ အသည်းကွဲတဲ့ဇာတ်လမ်းတွေ သုံးပွင့်ဆိုင်ဇာတ်လမ်းတွေ
ယောက်ျားတစ်ယောက်အတွက်နဲ့ မိန်းမ၂ယောက်သတ်ကြတာတွေ၊ မိန်းမတစ်ယောက်အတွက်နဲ့
ယောက်ျား၂ယောက် စိန်ခေါ်ကြတာတွေ....အချို့ ကျတော့လည်း
ယောကျာ်း၁ယောက်အတွက်နဲ့ မိန်းမ၂ယောက်
သွေးချင်းစည်းသွားကြတာတွေ...မိန်းမ၁ယောက်အတွက်နဲ့ ယောကျာ်းတွေ
ပုလင်းတူဘူးဆို့ ဖြစ်သွားကြတာတွေ ....အင်မတန်ရှုပ်ထွေးလှတဲ့ အချစ်ရေးရာတွေ
တော်တော်များလာပါတယ်။ ကိုယ်တိုင်လည်း ထိပ်ဆုံးက ပါတာပေါ့လေ..;)
ထားပါ...ကျွန်မေ၇းချင်တာက ရှုပ်ထွေးလှတဲ့ အချစ်ရေးတွေအကြောင်းပါ။
ယောကျာ်းတွေအနေနဲ့တော့ ကျွန်မမသိပါဘူး...ဒါပေမယ့် ကျွန်မတို့
မိန်းမတွေဟာ ဘယ်သူကမှတော့ စပြီးချစ်ကြပြီ ရည်းစားထားကြပြီဆိုကတည်းက
ငါကတော့ဖြင့် အပျော်ထားတာဆိုတဲ့ ရည်ရွယ်ချက်မျိုးမရှိကြတာသေချာပါတယ်။
ဆိုလိုတာက တွေ့ ကြဆုံကြတဲ့ နေရာတွေကွာကြလို့ အချစ်ရဲ့ လေးနက်မှူတွေ
ကွာချင်ကွာမယ်....ဘယ်သူမှတော့ one night standမလုပ်ကြပါဘူး။ နိုက်ကလပ်မှာ
တွေ့ လို့ ဒီကောင်အလကားကောင်...ဘုရားမှာဆုံလို့ ဒီကောင် ဘာသာရေးသမားဆိုပြီး
ဘယ်သူမှ ခွဲခြားမဆက်ဆံကြပါဘူး( ယောက်ျားတွေကတော့
အဲလိုခွဲခြားဆက်ဆံတတ်ပါတယ်)။ ကောင်မလေးတွေက အသည်းနုပါတယ်။ ဘယ်လောက်ပဲ
မိုးထိအောင်ဘွဲ့ တွေယူထားကြပါစေ....ဘယ်လောက်ပဲ
ချောမောလှပနေကြပါစေ....ဘယ်လောက်ပဲ ချမ်းသာနေကြပါစေ...မိန်းမဟာ မိန်းမပါပဲ။
ဆိုလိုတာကတော့ အသည်းနုကြတာပါ...ယောက်ျားတစ်ယောက်ကို ချစ်မိတယ်ဆိုတာ
စက္ကန့်ပိုင်းအတွင်းဖြစ်သွားနိုင်သလို နှစ်နဲ့ချီပြီး
မမုန်းနိုင်မမေ့နိုင်ကြတာလည်း ကျွန်မတို့ မိန်းမသားတွေပါပဲ။ ဒီတော့
အဲဒီအပေါ်မှာ ရွှေကိုယ်တော်မဟာ ပုရိသများက အခွင့်အရေးယူကြပါတယ်။
မိန်းမတစ်ယောက်ရဲ့ အချစ်ကို မရရအောင်ယူကြပါတယ်...အဲဒီအချိန်မျိုးမှာ
ရွှေပင်လယ်ကြီး ကာဆီးထားလည်းတို့ဘာတို့က
အလကားနော်......လက်ပစ်တော့ဘယ်ကူးမလဲ...လေယာဉ်လက်မှတ်ဝယ်ပြီး
ရောက်အောင်လာမှာပေါ့...ချစ်တာကိုး...ချစ်ပြချင်တာကိုး...လက်ညိုးညွှန်ရာရေဖြစ်စေတို့
မင်းကလွဲရင်ဖွဲဆန်ကွဲတို့ဆိုတာ အဲဒီအချိန်မှာ
တကယ်ပြောနေတာနော်...မယုံမရှိနဲ့....ဘာလို့ဆို ဒီမိန်းမရဲ့ အချစ်ကိုရဖို့က
အရေးကြီးနေတာကိုး....အများအားဖြင့်စားနေကြကြောင်ဖားကြီးတွေက
ဒီနည်းစနစ်တွေကို ပိုကျွမ်းကျင်ပါတယ်။ မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်ကို
ချစ်ဖို့ပဲအရေးကြီးတာလေ....ချစ်သွားပြီးဆိုရင် ဒီမိန်းမဟာ
သူတို့လက်ခုပ်ထဲကရေဖြစ်သွားပြီဆိုတာ
သိနေတာကိုး...အဲဒီအချိန်ကျအိတ်ထဲကောက်ထည့်ပြီး ဘယ်အချိန်ရိုက်သတ်ပြီး
ချက်စားခံရတော့မလဲဆိုတာ စောင့်နေဖို့ပဲရှိတော့တာကိုး။ ဆိုတော့
မဟာပုရိသမင်းများက ကြိုးစားကြပါတယ်။
မိုင်ထောင်ချီဝေးနေသလား....နိုးပါ....skypeတွေ..vzoတွေရှိနေတာပဲ....ကိုကိုတို့ကကြူမှာပေါ့...နေ့မအိပ်ညမအိပ်အချိန်တွေပြောင်းပြန်ဖြစ်လည်း
အေးဆေးပါ...မင်းကကိုယ့်ရဲ့ angelလေးပါပေါ့...အဲဒီမှာ ယုံမိတဲ့
ရူးမိတဲ့ကောင်မလေးတွေကတော့ သေတာပဲဆရာ.....ဟယ်..သူ
့ခမျာငါ့ကိုချစ်တယ်တော့...သူ့ ဆီမှာ ဆို
ည၂နာရီထိုးနေတာတောင်မအိပ်ဘူး..ငါ့ကိုစောင့်ရှာတယ်ပေါ့...အဟတ်.....အဟတ်....တကယ်က
ဘယ်ဟုတ်ပါ့မလဲ...အရင်ထဲက သူက ဒီအချိန်အထိမအိပ်ပဲ အခြားကောင်မလေးနဲ့
chatခဲ့ဖူးနေကြဖြစ်ချင်ဖြစ်နေမှာလေ...နည်းနည်းရိုင်းရိုင်းထပ်ပြောမယ်ဆိုရင်
သူက ဒီကောင်မလေးမရှိခင်ကတည်းကလည်း ဒီအချိန်မျိုးမှာ Porn
Movieကြည့်နေကြဖြစ်ချင်ဖြစ်နေမှာလေ....အဲဒါကို သာယာမိပြီး ကြွေတဲ့
ကောင်မလေးကတော့ ပင့်ကူအိမ်ထဲငြိမိပြီသာမှတ်ပေတော့ပါပဲ။
နောက်တစ်ခုရှိသေးတယ်....အဲဒီတစ်ခုကလည်း တော်တော့်ကို
အရေးကြီးတဲ့ထဲမှာပါပါတယ်.....ယောက်ျားတစ်ယောက်ကများ
ကိုယ့်ကိုချဉ်းကပ်ပြီး...မျက်နှာငယ်လေးနဲ့ ကိုယ်ကလေ
အိမ်ထောင်ရေးအဆင်မပြေဘူးတို့ ဘာတို့နဲ့ညည်းပြလို့ကတော့
ဝေးဝေးသာပြေးပေတော့ပဲ...အချို့ယောက်ျားတွေရဲ့ နည်းစနစ်က
အသနားခံတာလေ....အိမ်ကဟာကြီးက မပြင်မဆင်နဲ့
အိမ်ဖေါ်ရုပ်ကြီးတို့....အိမ်ထောင်ရေးသာယာမှူမရဘူးတို့များ လာညည်းလို့ကတော့
ဒီယောက်ျားဟာ တစ်ချိန်မှာ ကိုယ့်ကိုလည်း အဲဒီအတိုင်းပြန်ပြောဖို့
ဝန်မလေးတဲ့ယောကျာ်းမျိးဆိုတာ
မမေ့လိုက်လေနဲ့....အင်မတန်ကိုကြောက်ဖို့ကောင်းပါတယ်။ နိုက်ကလပ်တို့
ဒစ်စကိုတို့ ဘားတို့မှာတွေ့ တဲ့ယောကျာ်းများကျတော့ တစ်မျိုးပါ....သူတို့ က
သိပ်ကြောက်ဖို့မကောင်းပါဘူး...ဘာလို့ဆို သူတို့က သူတို့ ဆိုးပါတယ်ဆိုတာ
ဘယ်တော့မှ မဖုန်းကွယ်တတ်တဲ့ယောကျာ်းမျိုးတွေလေ....အေး...ငါကတော့
ဒီလိုအခြေအနေပဲ...နင်ကြိုက်ချင်ရင်ကြိုက် မကြိုက်လည်း ငါက
နောက်တစ်ယောက်ပြောင်းကြူမယ်ဆိုတဲ့လူမျိုးတွေများပါတယ်။ အင်း...အဲဒါကိုမှ
ကောင်လေးလန်းတယ်ဆိုပြီး ကြွေရင်တော့လည်း ကိုယ့်ထိုက်နဲ့ကိုယ်ကံပေါ့လေ။
ကဲ...ကောင်းပြီ...မဟာပုရိသကိုကိုများက ကျွန်မတို့ အမျိုးသမီးများကို
နည်းလမ်းပေါင်းစုံနှင့်လည်း
ကြိုးစားပြီးပါပြီ....ရလည်းရကြပါပြီပေါ့...အဲဒီအခါကျတော့ ဇာတ်လမ်းက
တစ်မျိုးပြောင်းပါရော.....ဒါပဲနော်....မင်းကို
ကိုယ်ကစိတ်မချဘူး..ကိုယ့်သူငယ်ချင်းတွေနဲ့ စကားမပြောနဲ့ မပက်သတ်နဲ့ Face
Bookပေါ်မှာ လာAddရင် လက်မခံနဲ့တို့ဘာတိုလုပ်လာပြီဆိုရင်
ကျွန်မတို့မိန်းမတွေက သူ ငါ့ကိုချစ်လိုက်တာလို့ ပီတိဖြစ်ကြပါတယ်(တကယ်က
သူအကြောင်းတွေ ပေါ်ကုန်မှာစိုးလို့ပါ)....ပြီးကျတော့ သူ့ ရည်းစားဟောင်းတွေက
သူ့ ကို ဇွတ်လိုက်နေလို့ပါဆိုပြီး ကိုယ့်ကို
လူမိုက်ငှားပါလိမ့်ဦးမယ်(မယုံမရှိနဲ့ရှင့်)...အထူးသဖြင့်
စကားပြောချိုတဲ့ယောက်ျားများဟာ
ပိုကြောက်ဖို့ကောင်းပါတယ်....ဘာလို့လဲဆိုတော့ သူ တို့ဟာနှုတ်ချိုချိုလေးနဲ့
မိန်းမ၂ယောက်ကို ထမီစွန်တောင်စွဲသတ်အောင်
ခိုင်းစေနိုင်စွမ်းတဲ့သူများဖြစ်ကြလို့ပါပဲ(ဒါကတော့ ကိုယ်တွေ့ မဟုတ်ပါဘူး
)...ဘာလို့လဲဆိုတော့ ယောက်ျားတစ်ယောက်အတွက်နဲ့ ကျွဲ၂ကောင်ခတ်ကွင်းပြင်သလို
ရန်စောင်သတ်ကြမယ့် မိန်းမထဲမှာ ကျွန်မမပါလို့ပါ။ကျွန်မအခုပြောနေတာ
မိန်းကလေးတွေဖက်ကပါ.....ယောက်ျားလေးတွေကို
ကစားတဲ့မိန်းကလေးတွေလည်းရှိကြမှာပါ....ဒါပေမယ့် ဘယ်သူကမှတော့ ဒီကောင့်ကို
ငါ့အပျော်တွဲတာပါလို့ ကစားကြမယ်မထင်ဘူး...တချို့ ကောင်မလေးတွေ
ရည်းစား၂ယောက်ထားခဲ့ဖူးချင်ထားမယ်...ဒါကို
ကျွန်မအပြစ်မတင်ချင်ပါဘူး..ဘာလို့လဲဆိုတော့ ပထမရည်းစားထားပြီး
အဲဒီရည်းစားဟာ အိမ်ထောင်ဖက်ကောင်းဖြစ်မလာနိုင်လို့
သူမအပေါ်ဂရုမစိုက်တော့လို့ နောက်ထပ်အချစ်သစ်ရှာတဲ့အပေါ်မှာ
ဘာအပြစ်ဆိုစရာရှိသလဲ..(အဲလိုပြောရင် ကျွန်မက
သိပ်များမိန်းမဝါဒီဖြစ်သွားမလား) ဒါပေမယ့် ဒါဟာ အမှန်တရားပါ။
ယောကျာ်းလေးတွေ ရည်းစား၂ယောက်ထားတယ်ဆိုတာက ကျွန်မတို့ မိန်းမတွေနဲ့
ခံယူချက်ချင်း different ပါ။ဒါကိုတော့ ရွှေကိုယ်တော်တွေ
ပိုသိကြမယ်ထင်ပါတယ်...နိဂုံးချုပ်ရင်တော့ ကျွန်မပြောချင်တာက
ဘယ်မိန်းကလေးကမှ ယောက်ျားတွေကို one night standဆိုပြီး
အပျော်မတွဲခဲ့ကြတာပါပဲရှင်။အိရွှေရည်ဝင်း
July 15, 2011 at 1:23pm
No comments:
Post a Comment